tag:blogger.com,1999:blog-49898126516161490342024-02-08T08:59:25.334-08:00မနက်သစ်manattthithttp://www.blogger.com/profile/17701133191583570173noreply@blogger.comBlogger3125truetag:blogger.com,1999:blog-4989812651616149034.post-1665504610550269242008-06-29T10:00:00.000-07:002008-07-11T02:57:03.096-07:00သင်နှင့်နံနက်ခင်း
လူတယောက်ရဲ့  စိတ်အကြည်လင်ဆုံး အချိန်ဟာ မနက်ခင်း အိပ်ရာနိုးစအချိန်လို့  စိတ်ပညာစာအုပ်အချို့ မှာ ဖတ်ခဲ့ ရဘူးတယ် ။ (ညဘက်က အိပ်ရေးပျက်ခဲ့ သူများမပါပါ။) တစ်ညလုံးကောင်းကောင်း အနားယူမှ လူ့ ရဲ့ ဦးနှောက်က ကြည်လင်လန်းဆန်းပြီး မနက်အိပ်ရာကနိုးတဲ့ အခါ ကျေးငှက်တွေရဲ့ တေးသီသံတွေ၊ လတ်ဆတ်တဲ့ လေညှင်းရနံ့ တွေ ၊ နေခြည်နုနုတွေနဲ့  ကြိုဆိုနေတဲ့မနက်ခင်းကို သတိထားခံစားနှိုင်မှာပါ ။ အဲ့ ဒါကြောင့် လူတိုင်း၊ လူတိုင်း လောဘ ၊ ဒေါသ၊ မောဟကင်းစွာ အိပ်စက်နှိုင်ပြီး မနက်ခင်းအသစ်လေးတွေရဲ့ အလှကို ခံစားနှိုင်ကြပါစေ။

manattthithttp://www.blogger.com/profile/17701133191583570173noreply@blogger.com0tag:blogger.com,1999:blog-4989812651616149034.post-37478756917662753522008-06-29T07:07:00.000-07:002008-07-03T05:09:26.403-07:00ရွာသို့  တမ်းချင်းဘာလိုလိုနဲ့  ကျုပ်ရွာကထွက်လာတာ ဒီနေ့ ဆို တစ်နှစ်ပြည့် ပြီပဲ ။ ရက်နဲ့ ပြောရရင် ၃၆၅ ရက်ရှိ ပြီပေါ့ ဗျာ ။ ကျုပ်ရွာကို အရမ်းလွမ်းတယ်ဗျာ ။ ရွာကိုတင်မဟုတ်ဘူး အဖေ့ ကိုလည်းလွမ်းတယ် ။ အမေ့ ကိုလည်းလွမ်းတယ် ။ အဘွားကိုလည်းလွမ်းတယ် ။ အရီးတို့ ဒွေးလေးတို့ ကိုလည်းလွမ်းတယ် ။ ကျုပ်နဲ့ အတူ တေဖော်တေဘက် ချက်ကြီးတို့  တာတီးတို့  သာဂိတို့  အောင်ဘုတို့ ကိုလည်းလွမ်းတယ် ။ ဘုတ်ဆုံတို့  မိအေးတို့ စာဥတို့  ပူစူးမတို့  ကိုလည်းလွမ်းတယ် ။ တဲက နွားပြာကြီး နှစ်ကောင်ကိုလည်းလွမ်းတယ် ။ အောင်နက်ကြီးကိုလည်း လွမ်းတယ် ။ ယောင်ချာချာနဲ့  ၀က်မကြီးလည်း လွမ်းတယ် ။ ဆီကုန်နေတဲ့ မီးစက်ကြီး လည်းလွမ်းတယ် ။ ရွာမှာရှိသမျှ အကုန်လုံးကို လွမ်းတယ် ဗျာ ။ မနက်ခင်းစားနေရတဲ ပေါင်မုန်ထောပတ်သုတ်က ထမင်းကြမ်းနဲ့  ပဲပြုတ်ဆီဆမ်းလောက် စားမကောင်းဘူးဗျာ ။ မဟူရာရောင် လမ်းပေါ်မှာ ဇိမ်ခံကားစီးရတာ ဖုန်တလိမ့် လိမ့် နဲ့ ရွာလယ်လမ်းမှာ နွားလှည်းစီးရတာလောက် ပျော်ဖို့ မကောင်းဘူး ။ ပေါင်ဖြူဖြူနဲ့ ကောင်မလေးတွေက သနပ်ခါးပါးကွက်ကြားနဲ့  ကျုပ်တို့ ရွာသူတွေလောက် ရင်ခုန်ဖို့  မကောင်းဘူး ။ ကျုပ်တို့ အခါ် ဘိုစာ ဆိုတာတွေကလည်း ငပိရည် ၊ တို့ စရာ နဲစားရတာလောက် ထမင်းမမြိန်ပါဘူးဗျာ ။ ကွန်ပြူတာဆိုတာကြီးကလည်း ခလုပ်တွေက များလိုက်ပါဘိနဲ့ ။ ကျုပ်ဖြင့်သိပ်နားမလည်ဘူးဗျာ ။ အိမ်က ရေဒီယို က အဲဒီလောက် ခလုပ်တွေမများဘူးဗျ ။ ဒီကကျုပ်သူငယ်ချင်းတွေ ကြည့် တဲ့ အင်တာနက် ဆိုတာ ထဲကရုပ်ရှင်တွေကလည်း ရွာက ဦးတုပ်ကြီး ဗီဒီယို ရုံမှာပြတဲ့ ကားတွေလောက် ဖိုက်ခန်း မပါဘူးဗျာ ။ အား အားရှိ အင်္ဂလိပ်ကြီးနဲ အင်္ဂလိပ် မကြီး ရန်ဖြစ်နေတာပဲများတယ် ။ ဒီအချိန်ဆို အောင်ဘုတို့ တွေ ရွာထိတ်က ထန်းတောမှာ ထန်းရေ သောက်ရင်း ကျုပ်အကြောင်းပြောနေ မလားမသိဘူး ။ ဒေါ်လာနဲ ပေးဝယ်လို့ မရတဲ့  အမေ့ ရဲ့  ဂရုဏာနဲ့  ဆူ တဲ့ အသံတွေပြန် ကြားရဖို့  သုံးနှစ်ဆိုတဲ့  ခရီးအမြန်နီးချင်လှပြီဗျာ ။ သူတို့ လည်းကျုပ်ကို သတိရနေမှာပဲ ။ ကျုပ်လေ အိမ်ပြန်ချင်လှပြီ ဗျာ ။manattthithttp://www.blogger.com/profile/17701133191583570173noreply@blogger.com0tag:blogger.com,1999:blog-4989812651616149034.post-63574138663830357432008-06-28T23:51:00.001-07:002008-06-28T23:51:23.794-07:00ကျွန်တော်ပြောတဲ့ ကျွန်တော့ အကြောင်းအရည်ခပ်ကျဲကျဲ သံစဉ်တွေ
မှိုတက်နေတဲ့ အတွေးတွေ
သံချေးတက်နေတဲ့ စိတ်ကူးတွေ
ခေါင်းထဲမှာက အပြည့် အသိပ်
ဘယ် က၀ိပညာရှိကမှ အသိအမှတ်မပြု
ဘယ် class ကမှ certificate မပေး
ကိုယ့် ဘာသာမေး
ကိုယ့်  ဘာသာအမှတ်100 ပေးပြီး
ကိုယ့် ဘာသာဇွတ်အတင်း
ယူလိုက်တဲ့ ဘွဲ့ က
Blogger တဲ့လေ ။ ။ ။ ။ ။ ။ ။ ။manattthithttp://www.blogger.com/profile/17701133191583570173noreply@blogger.com1