ရွာသို့  တမ်းချင်း

ဘာလိုလိုနဲ့  ကျုပ်ရွာကထွက်လာတာ ဒီနေ့ ဆို တစ်နှစ်ပြည့် ပြီပဲ ။ ရက်နဲ့ ပြောရရင် ၃၆၅ ရက်ရှိ ပြီပေါ့ ဗျာ ။ ကျုပ်ရွာကို အရမ်းလွမ်းတယ်ဗျာ ။ ရွာကိုတင်မဟုတ်ဘူး အဖေ့ ကိုလည်းလွမ်းတယ် ။ အမေ့ ကိုလည်းလွမ်းတယ် ။ အဘွားကိုလည်းလွမ်းတယ် ။ အရီးတို့ ဒွေးလေးတို့ ကိုလည်းလွမ်းတယ် ။ ကျုပ်နဲ့ အတူ တေဖော်တေဘက် ချက်ကြီးတို့  တာတီးတို့  သာဂိတို့  အောင်ဘုတို့ ကိုလည်းလွမ်းတယ် ။ ဘုတ်ဆုံတို့  မိအေးတို့ စာဥတို့  ပူစူးမတို့  ကိုလည်းလွမ်းတယ် ။ တဲက နွားပြာကြီး နှစ်ကောင်ကိုလည်းလွမ်းတယ် ။ အောင်နက်ကြီးကိုလည်း လွမ်းတယ် ။ ယောင်ချာချာနဲ့  ၀က်မကြီးလည်း လွမ်းတယ် ။ ဆီကုန်နေတဲ့ မီးစက်ကြီး လည်းလွမ်းတယ် ။ ရွာမှာရှိသမျှ အကုန်လုံးကို လွမ်းတယ် ဗျာ ။ မနက်ခင်းစားနေရတဲ ပေါင်မုန်ထောပတ်သုတ်က ထမင်းကြမ်းနဲ့  ပဲပြုတ်ဆီဆမ်းလောက် စားမကောင်းဘူးဗျာ ။ မဟူရာရောင် လမ်းပေါ်မှာ ဇိမ်ခံကားစီးရတာ ဖုန်တလိမ့် လိမ့် နဲ့ ရွာလယ်လမ်းမှာ နွားလှည်းစီးရတာလောက် ပျော်ဖို့ မကောင်းဘူး ။ ပေါင်ဖြူဖြူနဲ့ ကောင်မလေးတွေက သနပ်ခါးပါးကွက်ကြားနဲ့  ကျုပ်တို့ ရွာသူတွေလောက် ရင်ခုန်ဖို့  မကောင်းဘူး ။ ကျုပ်တို့ အခါ် ဘိုစာ ဆိုတာတွေကလည်း ငပိရည် ၊ တို့ စရာ နဲစားရတာလောက် ထမင်းမမြိန်ပါဘူးဗျာ ။ ကွန်ပြူတာဆိုတာကြီးကလည်း ခလုပ်တွေက များလိုက်ပါဘိနဲ့ ။ ကျုပ်ဖြင့်သိပ်နားမလည်ဘူးဗျာ ။ အိမ်က ရေဒီယို က အဲဒီလောက် ခလုပ်တွေမများဘူးဗျ ။ ဒီကကျုပ်သူငယ်ချင်းတွေ ကြည့် တဲ့ အင်တာနက် ဆိုတာ ထဲကရုပ်ရှင်တွေကလည်း ရွာက ဦးတုပ်ကြီး ဗီဒီယို ရုံမှာပြတဲ့ ကားတွေလောက် ဖိုက်ခန်း မပါဘူးဗျာ ။ အား အားရှိ အင်္ဂလိပ်ကြီးနဲ အင်္ဂလိပ် မကြီး ရန်ဖြစ်နေတာပဲများတယ် ။ ဒီအချိန်ဆို အောင်ဘုတို့ တွေ ရွာထိတ်က ထန်းတောမှာ ထန်းရေ သောက်ရင်း ကျုပ်အကြောင်းပြောနေ မလားမသိဘူး ။ ဒေါ်လာနဲ ပေးဝယ်လို့ မရတဲ့  အမေ့ ရဲ့  ဂရုဏာနဲ့  ဆူ တဲ့ အသံတွေပြန် ကြားရဖို့  သုံးနှစ်ဆိုတဲ့  ခရီးအမြန်နီးချင်လှပြီဗျာ ။ သူတို့ လည်းကျုပ်ကို သတိရနေမှာပဲ ။ ကျုပ်လေ အိမ်ပြန်ချင်လှပြီ ဗျာ ။

No comments:

"