ကျွန်တော်ပြောတဲ့ ကျွန်တော့ အကြောင်း

အရည်ခပ်ကျဲကျဲ သံစဉ်တွေ
မှိုတက်နေတဲ့ အတွေးတွေ
သံချေးတက်နေတဲ့ စိတ်ကူးတွေ
ခေါင်းထဲမှာက အပြည့် အသိပ်
ဘယ် က၀ိပညာရှိကမှ အသိအမှတ်မပြု
ဘယ် class ကမှ certificate မပေး
ကိုယ့် ဘာသာမေး
ကိုယ့်  ဘာသာအမှတ်100 ပေးပြီး
ကိုယ့် ဘာသာဇွတ်အတင်း
ယူလိုက်တဲ့ ဘွဲ့ က
Blogger တဲ့လေ ။ ။ ။ ။ ။ ။ ။ ။

1 comment:

ပါဂနာ said...

တယ်ဟုတ်ပါလား..“ညီ” ရ...
Credit မက.
Solid ကြီးပါလား..

အားပေးလျှက်

"